ဝါရီရူးမင်းသည် မင်းမျိုးမင်းဆက် မဟုတ်ပဲ သာမန် အရပ်သားမှ မဂဒူးမင်းဆက် (သို့) ဝါရီရူးမင်းဆက်ကို စတင်ထူထောင်သူဖြစ်သည်။ သူ၏ တည်ထောင်ခဲ့သော နိုင်ငံ
တော်သည် မွန်ပြည်နယ်မှ အောင်မြန်မာပြည် တစ်လျှောက်သို့ရောက်ပြီး မင်းဆက် ၁၈ ဆက်တိုင် ရှိခဲ့သည်။
ဝါရီရူးမင်း ဘဝအစ
သက္ကရာဇ် ၆၁၄ တန်ခူးလဆုတ် ၄ ရက်တွင်ဖွားမြင်ပြီး ငယ်အမည်မှာ မဂဒူးဖြစ်၍ မိဘများမှာ သာမန်လယ်လုပ်သူ နှင့် ကုန်သည်များဖြစ်ကြသည်။ငယ်စဉ် ကလေးဘဝ က မိဘများလယ်လုပ်သွားချိန်တွင်ခေါ်ဆောင်သွားပြီး ကန်သင်းပေါ်၌ ခမောက်ရှည် (မွန်ဘာသာဖြင့် ဂဒူး) တစ်ခုကိုပက်လက်လှန်ထားပြီး အိပ်စက်စေကာ အခြား ခမောက် ရှည်တစ်ခုကို အပ်ါမှ ဖုံးအုပ်ထားခဲ့သည်။
ကျီးငှက်တစ်ကောင်က ထိုခမောက် ရှည်အတွင်းမှ ကလေးငယ်ကို အစာအမှတ်နှင့် လာရောက်ကိုက်ချီရန် ကြိုးစားရာ အဖုံးဖြစ်သည့် ခမောက်ရှည်က ထိုကျီးငှက်ကို လိုက်လံ ထိုးဆိတ်တိုက် ခိုက်လေသည်။
ထိုကဲ့သို့ထူးဆန်းသည့် အခြင်းအရာကို မြင်သည့်မိဘနှစ်ပါးကလည်း သားဖြစ်သူ အား မဂဒူး(မောင်ခမောက်ရှည်)ဟု အမည်ပေးလိုက်ကြသည်။ သားဦးဖြစ်သည့် မဂဒူး တွင် မဂဒါ အမည်ရှိ ညီတစ်ဦးနှင့် နှမဖြစ်သူ နှင်းဥရိုင် တို့ရှိကြသည်။နောင်တွင် မိဘ များ လယ်အလုပ်မှ တကော့ဝန်း (ဒုန်ဝန်းမြိ့ ယနေ့ဝန်မြို့) သို့ပြောင်းကာ ကုန် သည် အလုပ်ဖြင့် စီးပွားရှာကြသည်။ထိုစဉ်က မဂဒူးတို့နေထိုင်ရာ မှ သောက္ကတဲမြို့သို့ အထမ်းသမား၃၀ဦးဖြင့် ကုန်များထမ်းကာ သွားရောက်ကြခြင်းဖြစ်သည်။
နောင် မိဘများအိုမင်းကြသော် မဂဒူးအရွယ်ရောက်၍ အဖဖြစ်သူအစားဝင်ရောက် ကာ ကုန်သည်အလုပ်တွင် ဦးစီးလေသည်။ ထိုသို့တကော့ဝန်း နှင့် သောက္ကတဲ နှစ်မြို့ ကို ကူးသန်းကာ ကုန်သည်ဘဝဖြင့် ကျင်လည်နေစဉ်တစ်ခေါက်သော သောက္ကတဲသို့ ကုန်ပို့ခရီးလမ်း တွင် အထမ်းသမားတစ်ဦးနာဖျားသဖြင့် ထိုသူ၏ဝန်ကို ခေါင်းဆောင်
ဖြစ်သူ မဂဒူးထမ်း ရသည်။တောင်ထိပ်တစ်ခုသို့ရောက်လျှင် အခါမဟုတ် မိုးများအုံ့ ဆိုင်းပြီး မဂဒူးထမ်းလာသည့် ဝန်ထုပ်ကို မိုးကြိုးပစ်ချလေသည်။
မဂဒူးလည်း အတန်ကြာမေ့မြောသွားပြီး ပြန်လည်သတိရ၍ မျက်စိဖွင့်ကြည့်လေသော် တိမ်တိုက်များကြားမှ အရှေ့ အရပ် တွင် အရောင်အလျံတောက်ပသည့် နန်းပြသာဒ် တစ်ဆောင်ကို မြင်ရပြီး ထိုနန်းပြ သာဒ် ၏ အရောင်ကြောင့် အနောက်ဖက်တွင်လည်း နန်းပြသာဒ်တစ်ဆောင်ကို မြင် ရပြန်သည်။
ထိုအခါမဂဒူးလည်း ထူးခြားသည့်နိမိတ်ကို မှတ်သား၍ အနီးရှိရွာသို့ရောက်လျှင် ထိုရွာမှ နိမိတ်ဖတ်ဆရာအား သွားရောက်မေးလေသည်။ နိမိတ်ဖတ်ဆရာလည်း ကြီးကျယ်သော နိမိတ်ဖြစ်သဖြင့် မဂဒူးအရပ်နှင့်ညီသည့် ငွေကိုပူဇော်မှသာ ဖတ်နိုင် မည်ဟုဆိုသဖြင့် မဂဒူးသည်အနီးရှိ မိမိအရပ်နှင့် မကွာလှသော ခြတောင် ပို့ပေါ် တွင် ငွေပြား ၃၀ ကိုတင်ကာပူဇော်ပြီး နိမိတ်ဖတ်စေသည်။
ထိုအခါနိမိတ်ဖတ်ဆရာလည်း မဂဒူး၏ဉာဏ်စွမ်းကို အသိအမှတ်ပြ့၍ အရှေ့ဖက် တွင်ရှိသည့် အကြီးဆုံးသတ္တဝါကို ခစားရန် နှင့် ထိုအရှေ့ဖက်ရှိ ဘုန်းကြီးသည့် မင်း၏ အကူအညီကြောင့် အနောက်အရပ်တွင် မင်းဖြစ်ရမည်ဟု ဆိုလေသည်။
သို့ဖြင့် မဂဒူးသည် အရှေ့ဖက်ရှိ အကြီးဆုံးသတ္တဝါဆိုသည့်အတိုင်း သောက္ကတဲ မင်း ၏ ဆင်တင်းကုတ်တွင် ဝင်ရောက်အမှုထမ်းလေသည်။ သောက္ကကတဲမင်းဗြရောင်
လည်း မဂဒူး၏ အရည်အချင်းကို သဘောကျသည့် အတွက် ဆင်တင်းကုတ်မှ ခေါ် ယူပြီး မိမိထံတွင် ခစားစေရာမှ မဂဒူး၏ အရည်အချင်းကြောင့် နန်းတော်အတွင်း အပြင်ကိုစောင့်ကျပ်ရသည့် ဝင်းမှုးဖြစ်လာတော့သည်။
“စောဋိဋံရည်”ဟူသောဘွဲ့ကိုလည်းပေးသည်။မကြာမှီ သောက္ကတဲမင်း ဗြရောင်သည် မိမိနိုင်ငံနယ်စပ်များကို ကုလားဇဝါမင်းက ကျူးကျော်သည့်အတွက် စစ်ပြုရန် ချီတက် သွား၏။ မဂဒူးလည်း နန်းတော်စောင့်အဖြစ် ကျန်ရစ်ရာ သောက္ကတဲမင်း ၏သမီးတော် “မေနှင်းသွယ်တာ”နှင့် ငြိစွန်းရည်ငံမိကြလေသည်။ သောက္ကတဲမင်းသိလျှင် သေဒဏ်မှ တစ်ပါး မရှိကြောင်းနားလည်၍ မင်းသမီးကို စည်းရုံးကာရတနာများနှင့်တကွဆင်ထက်
တင်ပြီးလျှင် နောက်လိုက်ရှမ်း ၇၀ ကျော် (အချို့က ၁၀၀ ကျော်) ကိုခေါ်ဆောင်ကာ မိမိနေရပ်ဖြစ်သည့် တကော့ဝန်းသို့ပြန်ပြေးလေသည်။နောက်တကော့ဝန်းသို့ရောက် လျှင် မင်းပြုကာနေသည်။
မုတ္တမကိုသိမ်းယူခြင်း
မဂဒူး တကော့ဝန်းတွင် နန်းစံနေစဉ် မုတ္တမတွင် မင်းပြုနေသူမှာ ပုဂံ မှခန့်အပ်ထား သည့် အလိမ္မာမင်းဖြစ်သည်။ ပုဂံအုပ်ချုပ်မှုလျော့ရဲလာ၍ မုတ္တမတွင် တစ်ထီးတစ်နန်း
ထောင်နေသူဖြစ်သည်။ မဂဒူးလည်း အလိမ္မာမင်းအား မိမိနှမဖြစ်သူ နှင်းဥရိုင် အား ဆက်သကာ မဟာမိတ်ပြုမည့်အကြောင်း ပရိယာရ်ဖြင့် ဖိတ်ခေါ်ကာ လုပ်ကြံပြီး မုတ္တမသို့ပြောင်းရွှေ့သိမ်းပိုက်၍မင်းပြုလေသည်။
မုတ္တမကိုရလျှင် အမတ်ကြီး ဗြပုန်ကို မိမိယောက္ခမတော်သည့် သောက္ကတဲမင်းထံသို့ သံတမန်အဖြစ်စေလွှတ်ကာ မိမိ မုတ္တမတွင် မင်းပြုနိုင်ရန် ဘွဲ့အမည်နှင့် ၊ မင်းမြောက် တန်ဆာ ငါးပါးတို့ကို ပေးသနားရန် လျှောက်ထားသည်။
သောက္ကတဲမင်းလည်း အားရဝမ်းသာလွန်းသဖြင့် မိမိသားမက်အား "ဗညားဝါရူး" ဟူ၍ဘွဲ့ပေးကာ မင်းမြောက်တန်ဆာ ငါးပါးကိုလည်း ချီးမြှင့်ပေးလေသည်။ သို့သော် မွန်တို့က ထိုဘွဲ့ထက် မွန်အသံထွက်အတိုင်း ဝါရီရူးဟုသာ ခေါ်ဝ်ါကြသည်။ မုတ္တမ တွင် နန်းသစ်တည်ရန် ကြဌာန်းတိုင် ထူရာ ကိုယ်ဝန်သည်မိန်းမတစ်ဦးသည် လင်ဖြစ် သူနှင့်ရန်များကာ စကားမြည်တွန်ဆူပူလျက် ထိုကြဌာန်းတိုင်ထူမည့်နေရာ သို့ရောက် လာသော် အခါပေးဆရာတို့က အချိန်ကျပြီ ဟုဆိုကာ ထိုကိုယ်ဝန်သည်မိန်းမကို တွင်း ထဲသို့တွန်းချကာ ကြဌာန်းတိုင်ထူကြသည်။
မိန်းမကိုယ်ဝန်ကွဲကာ သွေးတို့စင်တက်လာရာ မြွေ ၈ ကောင်လည်း ပါလာသည်။ ၇ ကောင်မှာနေရာတွင်ပင်သေကြပြီး၁ ကောင်မှာ အနောက်အရပ်သို့သွားပြီးမှသေ သည်။ထိုအရာကိုမြင်သော် နိမိတ်ဆရာတို့က ဤမြို့သည် ရန်စစ်အနည်းငယ်ရှိမည်၊ မင်း၈ဆက်နန်းစံသည့်အနက် ၇ ဆက်မှာ ဤမြို့၌ပင်လွန်ပြီး ၈ ဆက်မြောက်မင်းမှာမူ
အနောက်ဖက်သို့သွားကာလွန်မည်ဟု နိမိတ်ဖတ်ကြသည်။
မုတ္တမ နှင့်မဝေးသော ကဗ္ဗလာနီမင်း ဆင်ရံထွက်သည့် သတင်းကိုကြားလျှင် နောက် လိုက်များခေါ်ဆောင်ကာ ထိုမြို့ရှိ လူသူလက်နက်၊ စည်းစိမ် များနှင့် သမီးတော်ကိုပါ မုတ္တမသို့ ခေါ်ဆောင်လာသည်။ ထိုကဗ္ဗလာနီမင်း ပြန်ရောက်၍ သိသော် အမျက်ပြင်း စွာထွက်သည့်အတွက် အင်အားရသလောက်စုစည်းကာ မုတ္တမသို့ချီတက်လာသည်။ မဂဒူးလည်း ကဗ္ဗလာနီမင်းအား သမီးတော်အား မိဖုရားကြီးအဖြစ် တင်မြောက်မည့် အကြောင်း၊ မိမိတို့ဆွေမျိုးရင့်ဖြစ်သည့်အတွက် မိမိသိမ်းယူလာသည့် လူသူလက်နက်၊ စည်းစိမ် အားလုံးကို ပြန်အပ်မည့်အကြောင်း ယုံကြည်လောက်အောင် လှည့်ဖျားပြီး အဆိပ်ခပ်ကာလုပ်ကြံသော် ကဗ္ဗလာနီမင်း သေသည်။ သို့ဖြင့် အရှေ့ဖက် မုတ္တမ တစ်လွှာတွင် မဂဒူးမင်း သည်ပြိုင်ဖက်မရှိ အုပ်စိုးနေနိုင်ခဲ့သည်။
ပဲခူးအားသိမ်းပိုက်ခြင်း
ထိုစဉ်ကပဲခူးမှာ ပုဂံလက်အောက်ခံသာရှိနေသေးသည်။သို့သော် ပဲခူးသား အခမမန်း သည်ပုဂံမင်းအား ယုံကြည်လောက်အောင် ခစားပြီး ပဲခူးတွင် အခွန်ကောက်အရာရှိ
ဖြစ်လာလျှင် ပုဂံ၏အာဏာကို ပယ်လှန်ရန်ကြိုပမ်းတော့သည်။ ထိုအခါ ပုဂံမင်း (တရုတ်ပြေးမင်း)က သားမက်တော် စေတသူကြီး အားနှိမ်နှင်းစေသည်။ သို့သော် ပရိယာရ်များသည့် အခမမန်းက မိမိယောက္ခမဖြစ်သူ မတယှောက် အားကျောကွဲ
အောင် ကြိမ်ဖြင့်ရိုက်၍ စေတသူကြီးထံလွှတ်ကာ လမ်းမှားမှခေါ်ဆောင်စေပြီး ပုဂံတပ် တို့ကို ပင်ပန်းစေသည်။ ပုဂံတပ်များ ပဲခူးသို့ရောက်လျှင် အခမမန်း ကမိမိမှာ ပုန်ကန် ဝံ့သူမဟုတ်ကြောင်းလျှောက်တင်ပြီး အသင့်ထုလုပ်ထားသည့် စေတသူကြီး ရုပ်ထုကို
မြို့ထိပ်တွင်တင်ကာ သက်သေအဖြစ်ပြလေသည်။စေတသူကြီးလည်း ယုံမှတ်ကာ ၄င်းအဆိပ်ခပ်ပြီး ဆက်သလာသည့် အမဲဟင်းလျာတို့ကိုစားသောက်ရာ စေတသူကြီး သေပြီးပုဂံတပ်များလည်းဆုတ်လေသည်။
ထိုသို့အခမမန်း ပဲခူးတွင် နန်းစံနေစဉ် ယောက်ဖ ဖြစ်သူ လက္ခယာဗျူကလုပ်ကြံပြီး မင်းပြုပြန်သည်။ အမတ်ကြီးဖြစ်သူက မင်းကျင့်တရားနှင့်မညီဟုဆိုကာ သားမက်ဖြစ် သူ အချဲမွန် အားခေါ်ယူကာ လက္ခယာဗျူနန်းသက် ၇ ရက်တွင် လုပ်ကြံနန်းချပြီး အချဲ မွန် နန်းတက်သည်။ နန်းတက်လျှင် တရဖျား(တရဗညား)ဘွဲ့ခံသည်။ ထိုသို့ တရဖျား ပဲခူးတွင် မင်းပြုချိန်မှာ မုတ္တမ၌ မဂဒူး (ခေါ်) ဝါရီရူး မင်းပြု ချိန်နှင့်တစ်ချိန် တည်းတွင်ဖြစ် သည်။သို့ဖြင့် ထိုမွန်မင်း နှစ်ပါးလည်း မဟာမိတ်ဖွဲ့ပြီး သမီးတော်ချင်း အလဲအထပ်ပြု ကာ အပြန်အလှန် ယောက္ခမ၊သားမက်တော်စပ်ကြသည်။
မဂဒူး၏ သမီးတော် မေနှင်းသိန်ဒြာ ကို တရဖျားအားဆက်ပြီး တရဖျားသမီးတော် ရှင်စောလှကို မဂဒူးမင်းအားဆက်သသည်။ တရဖျား နန်းတက်သည်ကြားလျှင် ပုဂံမှ တရုတ်ပြေးမင်း က ရာဇသင်္ကြန်အား တပ်မင်းခန့်ကာ စစ်တပ်စီရင်၍ ပဲခူးကိုနှိမ်နှင်း ရန် စေလွှတ်လေသည်။
တရဖျားလည်း မိမိအင်အားတစ်ရပ်တည်းဖြင့် မခံနိုင်သည်ကိုတွေးကာ မုတ္တမရှိ မဂဒူး အား စစ်ကူရန်အကြောင်းကြားရာ မဂဒူးလည်း အင်အားအလုံးအရင်းဖြင့် ပဲခူးသို့ စစ်ကူရန်ချီတက်လေသည်။ပဲခူးရောက်လျှင် ပုဂံမှ ရာဇသင်္ကြန်တပ်ကိုသာမက ဟင်္သာတ ၊ဖြူး၊ ကျွန်းသတို အစရှိသည့် မြန်မာတို့အုပ်ချုပ်သည့် မွန်ကျေးနယ်ပယ် အားလုံးကို တိုက်ယူတော့သည်။ တိုက်ပွဲများအောင်မြင်၍ ပဲခူးသို့ပြန်ရာ မွေ့ခေါင် အင်းလျားသို့ရောက်သော် အကောက်ကြံလိုသောတရဖျားက မဂဒူးအား အောင်ပွဲကြီး ခံရန် မိမိမြို့အတွင်းသို့လျင်ဝင်ပြီး စီစဉ်မည့်အကြောင်း၊ မဂဒူးအား မြို့ပြင်တွင် စခန်း ချနေထိုင်ခဲ့ရန် ပြောဆိုပြီး ပဲခူးသို့ဝင်လေသည်။
နောက်မြို့တွင်းမှ စစ်သည်အင်အားများကိုခေါ်ယူပြီးမဂဒူးတပ်ချသည့်နေရာ သို့တိုက် ရန် ထွက်လေသည်။ ထိုအခါမှ တရဖျားအကြံကိုသိသည့် မဂဒူး လည်းမိမိအင်အားရှိ သ၍ ပြန်တိုက်ရာ အနိုင်ရပြီး တရဖျားအားလက်ရမိသည်။
သို့ဖြင့် မဂဒူးသည် မွန်တို့၏ တစ်ဦးတည်းသောခေါင်းဆောင် အဖြစ်သို့ရောက်ရှိပြီး မိမိနန်းစံရာ မုတ0x081တမ မှအနောက်ဖက် ပဲခူး၊ ဒဂုံ၊ ပုသိမ်၊ မြောင်းမြ၊ ဒလ အစရှိ သည့်ဒေသများကိုပါ လွှမ်းမိုးထားနိုင်ခဲ့သည်။ မူလက ဆရာတော်သံဃာတော်များ
တောင်းပန်မှုကြောင့် တရဖျားအားမသတ်ပဲ မုတ္တမတွင် အကျယ်ချုပ်ဖြင့်နေစေသည်။
သို့သော် တရဖျားက လုပ်ကြံရန်ထပ်မံကြိုးစားသောကြောင့် သတ်ရသည်။တရဖျားနှင့် မဂဒူး၏ သမီးတော်တို့သင့်မြတ်၍ မြေးတော် နှစ်ပါးကျန်ရစ်သည်။ရှင်ကြီး နှင့် ရှင်ငယ် ဟုခေါ်တွင်ပြီး ချစ်ခင်လှသဖြင့် အနားတွင် ကွမ်းဆက်၊ရေဆက်များအဖြစ် အမြဲခစား
စေသည်။
ဆင်ဖြူတော်ရောက်ခြင်း
များမကြာမှီတွင် မဂဒူး၏ ယောက္ခမဖြစ်သူ သောက္ကတဲမင်း ဗြရောင်သည် ထူးဆန်း သည့်အိမ်မက်ကိုမက်မြင်သည်။ ထိုအိမ်မက်တွင် မိမိပိုင် ဆင်ဖြူတော်သည် သောက္က တဲတွင် မနေလို၊နေပါက မင်းကြီးအတွက်ရန်ရှိသည်။ ထို့ကြောင့် အခြားတိုင်းပြည်သို့ သွားရောက်နေလိုကြောင်းဖြစ်သည်။ မိုးသောက်သော် ဗြရောင်မင်းလည်း အမတ်များ ကို မိန့်ကြားပြီး ဆင်ဖြူတော်သွားလိုသည့်အရပ်ကို သိနိုင်ရန် မုတ္တမ၊ လင်ဇင်း၊ အယုဒ္ဓယ၊ လဒယာဗန်နီ ဟူ၍မြက်ထုံးများပြုလုပ်ပြီး ဆင်ဖြူအားရွေးစေရာ ဆင်ဖြူက မုတ္တမမြက်ထုံးကို ရွေးသည်။ ဗြရောင်လည်း မိမိသားမက်ထံဆင်ဖြူသွားလိုသည် ဟူ၍ ဝမ်းသာကာ ဆင်ဖြူအားမုတ္တမသို့ပို့လေသည်။ မဂဒူးမင်းသည် လိုက်ဂီအမတ်အား အကြိုလွတ်ကာ ဆင်ကိုကြိုဆိုပြီး မုတ္တမသို့ ခေါ်ဆောင်လာစေသည်။သို့ဖြင့် ဆင်ဖြူ ရှင် အဖြစ်သို့ရောက်လေသည်။
မဂဒူးမင်းဘဝဇာတ်သိမ်း
ထိုသို့ဩဇာကြီးလှသည့် မဂဒူးမင်းသည် နန်းသက် ၁၉ နှစ်အရောက်တွင် အရွယ်
ရောက်ပြီဖြစ်သည့် မြေးတော်နှစ်ပါးက ဤသို့တွေးလေ၏။ “ငါတို့အဘိုး သည် ငါတို့ အဖ(တရဖျား)ကိုပင် သတ်သေးသည်။ ငါတို့ကိုလည်း အချိန်မရွေးစိတ်ကွက်ပါက လွတ်ပေးမည်မဟုတ်။” ထိုသို့ဆိုပြီးလျှင် မဂဒူးမင်း ရေအိမ်အဝင်တွင် ညီနောင် နှစ်ယောက် ဓါးဖြင့်ဝိုင်းထိုးရာ မဂဒူးမင်းနတ်ရွာစံလေသည်။ မဂဒူး လွန်လျှင် ညီဖြစ်သူ မဂဒါ (ခေါ်) ခွန်လော က စောရမ်းပရကွပ် ဘွဲ့ဖြင့် မင်းပြုသည်။
ဝါရီရူမင်း(မြန်မာ ၆၄၃ - ၆၅၇)
ဝါရီရူမင်းဆက်ခေါ် မုတ္တမမြို့၏မင်းဆက် စတင်တည်ထောင်သူ ဝါရီရူမင်းသည် ဆင်းရဲ သားဘဝမှ ကြံရည်၊ဉာဏ်ရည်နှင့် ဝီရိယကြောင့် အထွတ်အထိပ်မင်းအဖြစ်သို့
ရောက်လာသော မွန်ဘုရင်ဖြစ်သည်။ ဤမင်းသည် အောက်မြန်မာနိုင်ငံရှိ မွန်ဒေသ အားလုံးကို စိုးပိုင်ခဲ့လေသည်။ ပုဂံတွင် နရသီဟပတေ့ တရုတ်ပြေးမင်းနှင့် သားတော် အငယ် ကျော်စွာတို့အုပ်စိုးချိန်၌ အောက်မြန်မာနိုင်ငံတွင် ဝါရီရူမင်း အုပ်စိုးလျက်ရှိ သည်။ ငယ်မည်မှာ မဂဒူးဖြစ်သည်။ ယိုးဒယားရာဇဝင်၌ မိုဂဒိုဟုတွေ့ရသည်။
မဂဒူးက ယခု သထုံနယ်ရှိ ရှေးအခေါ် တကော့ဝန် သို့မဟုတ် ဝန်မြို့ဟုခေါ်သော ဒုံဝန်းရွာ ဇာတိဖြစ်သည်။ အဖဖြစ်သူမှာ မွန်ရှမ်းအနွယ်ဖြစ်၍ ကွမ်းကုန်သည် သုံးကျိပ် နှစ်ယောက်တွင် အကြီးအမှူးဖြစ်၏။ မဂဒူးတွင် ညီ မဂဒါ၊ နှမ နှင်းဥရွန်ဟူ ၍ရှိသည်။
မဂဒူး အသက် ၂ဝ တိုင်လျှင် အဖကိုယ်စား ကွမ်းရောင်းရန် ငယ်သား သုံးကျိပ် နှစ်ယောက် နှင့် ယိုးဒယား ဇင်းမယ်ဘက်ရှိ သောက္ကတဲသို့ထွက်လာခဲ့သည်။ ထိုသို့ သွားစဉ်လမ်း၌ ငယ်သားတစ်ယောက် မကျန်းမာသဖြင့် ထိုသူ၏ဝန်ကို မဂဒူး ကိုယ် တိုင် ထမ်းဆောင်ခဲ့ရာ ထမ်းပိုးကိုမိုးကြိုးပစ်လေ၍ ထမ်းပိုးနှစ်ပိုင်းကြိုးလေ၏၊ထိုမိုးကြိုး ပစ်သော လျှပ်စစ်ရောင်တွင် ရွေပြသာဒ်သဏ္ဌန်တစ်ခုကို ထင်ထင်ရှား ရှား တွေ့မြင် လိုက်ရသည်။ ထိုသို့ တွေ့မြင်လိုက်သည်ကို နိမိတ်ကောင်း လှသည်ဟု ထိုအရပ်ရှိ နိမိတ်ဖတ်ကောင်းသူ စောမွန်ထွတ် လူထွက်ကြီးထံသွား ၍မေးမြန်းရာ သင်၏ နိမိတ် ကြီးလှသည်။ အရပ်နှင့်အမျှ ငွေပုံ၍ပူဇော်မှ ဟောမည် ဆိုသောကြောင့် မဂဒူးလည်း ဝါးကို ကိုယ်နှင့်အမျှ ဖြတ်၍ထောင်လျက် ငွေတစ်ကျပ် တင်ကာ ပူဇော်လေသည်။ ဤသည်ကိုမြင်သော စောမွန်ထွတ်က သင်သည် ပါရမီ လည်းကြီး၊ ဉာဏ်လည်းကြီး သည်။ ဤနှစ်ပင် မင်းဖြစ်လိမ့်မည်။ ယနေ့ကစ၍ ကုန် မသွယ်နှင့်တော့။ မင်းတွင် ခစားလေ ဟု ဟောလေ၏။
မဂဒူးလည်း ကွမ်းများကိုရောင်းချ၍ ငယ်သားတို့အား ပြန်လွှတ် ပြီးလျှင် ကိုယ်တိုင် မူ သောက္ကတဲမင်း၏ ဆင်ဖြူဦးစီးထံ၌ ဝင်ရောက်ခစား လေ၏။ ဆင်ဦးစီးထံ၌ ခစားစဉ် ထကြွသော လုံလဝီရိယဖြင့် နေ့ညဉ့်မဟူ ဆင်စာကျွေးခြင်း၊ ဆင်ချေး အမှိုက်များကို သုတ်သင်ရှင်းလင်းခြင်း စသည် တို့ကို ကောင်းစွာပြုစု၏။ တင်းကုပ်မှာလည်း မဂဒူး
ရောက်သည့်နေ့မှစ၍ သန့်ရှင်းစင်ကြယ်သဖြင့် ဦးစီလည်း ဝမ်းထွက်သားကဲ့ သို့
မေတ္တာထားလေသည်။ တစ်နေ့တွင် သောက္ကတဲမင်း ဆင်ကြည့်လာသောအခါ သန့်ပြန့်ကျစ် လျစ်စွာတွေ့၍ မေးတော်မူလျှင် မဂဒူးအကြောင်းကိုသိ၍ သနားကြင် နာတော် မူလေသည်။ နောက်တစ်ကြိမ် ဆင်ကြည့်ရန် လာပြန်သောအခါ မင်းကြီး သည် ခံတွင်းဆေးတော်မူရာ မြေ၌မြုပ်နေသော ကြွေငယ် တစ်လုံး ရေကျသည့်နေရာ ၌ ပေါ်လာသဖြင့် မဂဒူးအားခေါ်၍ ညွှန်ပြတော်မူလဏ္ဌင် မဂဒူးလည်း ကောက်ယူလေ သည်။
မဂဒူးလည်း ကြွေစေ့ကိုကြည့်၍ ဤသို့စဉ်စား၏။ မင်းကြီးသည် ငါ၏ လုပ်ရည် ကိုင် ရည် ကြံရည်ကို စမ်းသပ်လို၍ ဤကြွေစေ့ကိုပေးသည်။ ဤကြွေစေ့ဖြင့် အကျိုးစီးပွား တစ်ခုဖြစ်အောင် ဆောင်ရွက်မည်ဟု စိတ်ကူးကာ ကြွေစေ့ဖြင့် ဟင်းနုနွယ်စေ့ ဝယ်
လေသည်။ ဟင်းနုနွယ်စေ့ရှင်က 'မင်း၏ကြွေစေ့သည် မဖြစ်လောက်၊ မင်းလိုချင်က မင်းလက်ညိုးတွင် တင်သလောက်ယူလော့' ဟုဆိုလေသော် မဂဒူးလည်း လက်တွင် တံတွေးဆွတ်၍ လက်ညှိးနှင့်ထိုးယူရာ ဟင်းနုနွယ်စေ့များ ပါလာလေသည်။ ထိုအစေ့ များကို ဆင်တင်းကုပ်ဘေးတွင် ဂရုတစ်စိုက် စိုက်ပျိုးလိုက်သောအခါ အပင်များ ထွား ကြိုင်းရှင်သန်လာလေသည်။ နောက်တစ်ကြိမ် သောက္ကတဲမင်း ထွက်လာပြန်သော အခါ မဂဒူးလည်း ထွားကြိုင်းသော အပင်တို့ကို နုတ်၍ဆက်၏။ မေးတော်မူသောအခါ အလုံးစုံ ပြန်၍လျှောက်၏။ မင်းကြီး သဘောကျ၍ ဆင်ကဲထံမှ တောင်းယူခဲ့လျက် ထိုဟင်းကို ကိုယ်တိုင်ချက်၍ ဆက်စေ၏။
ဟင်းနုနွယ်ဟင်း အလွန်အရသာရှိသဖြင့် ထိုနေ့မှစ၍ စားတော် ဖက်ဆိုင်ရာ၌ အကြီး အမှူးခန့်လေသည်။ နေ့ညဥ့်မပြတ် လုံ့လဖြင့် ဆော်ဖန်ကြည့်ရှု အလုပ်ကောင်း သဖြင့် မကြာမီ ဝင်းမှူးအရာကိုရလေသည်။ထို ဝင်းမှူးအရာ၌ အစီအမံ အဆောင်အ ရွက် အရည်အချင်း ထူးလှသောကြောင့် 'စောဋိဍံရည်' ဟူသောအမည်ကို သနားတော် မူသည်။ 'စောလီလပ်ရှဲ' ဟုလည်း အချို့ရာဇဝင်တို့၌ ဆိုကြသည်။
ယိုးဒယားရာဇဝင်၌မူ 'ကျောက်ဖရူအာ' ဟုတွေ့ရသည်။ ဤသို့လျှင် ဝင်းမှူးအရာဖြင့် အထဲဝင် အပြင်ထွက် မင်းခမ်းမင်းနား ရှိသရွှေ့ကို ပြင်ဆင်သုတ်သင်၍ အကျွမ်းတ ဝင်ဖြစ်ရာတွင် သောက္ကတဲမင်းသမီး မည်းနှင်းသွယ်ဒါနှင့် ချစ်ကျွမ်းဝင်လေ၏။ ယင်း
သောအခါ သောက္ကတဲကျေးလက်များ၌ ကုလားဇဝါတို့ အမြောက်အမြား စစ်ပြုလာ
သောကြောင့် မင်းကြီးချီတော်မူရာ မဂဒူးအား မြို့စောင့်ထားခဲ့၏။ နေ့ရက်များမကြာမီ မဂဒူးနှင့် သမီးတော် ရည်ငံနေကြကြောင်းကို မှူးမတ်များသိသဖြင့် ဘုရင့်ထံ စာပေစီ ကုံးလျှောက်ထားကြောင်း မဂဒူးကြားသိရာ မင်းသမီးကို ဆင်နှင့်တင်၍ ဒပြိုင်ပတ်ဝ လမ်းဖြင့် ဇာတိဒုံဝန်းသို့ ခိုးပြေးလေသည်။ မဂဒူးနှင့် စိတ်တူ သဘောတူဖြစ်သော ဒိုင်းကိုင် ၇ဝ နှင့် ရှမ်းသူရဲ ၂ဝဝ ကျော်လည်းပါလာလေသည်။ ဒုံဝန်းသို့ရောက်လျှင် ထိုအရပ်ကို မြို့တည်လျက် မင်းပြုနေသည်။
မဂဒူးလည်း မြန်မာမင်း၏ လက်အောက်ခံ မုတ္တမကိုစားရသော အလိမ္မာအမတ်နှင့် မိတ်ဖွဲ့ရသော် အရှည်အကျိုးရှိမည်ကိုမြင်မိ၍ မိမိနှမနှင်းဥရွန်ကိုပေး၍ မိတ်ဖွဲ့၏။ ထို သို့အနူးအညွတ် မိတ်ဖွဲ့သည်ကိုပင် အလိမ္မာအမတ်အကောက်ကြံ၍ စားဖွယ်
သောက်ဖွယ်တို့၌ အဆိပ်ခတ်ထားကြောင်း သိသဖြင့် အလိမ္မာအမတ်ကို လုပ်ကြံ
ကာ မုတ္တမမြို့ကို သိမ်းပိုက်လေသည်။ သက္ကရာဇ် ၆၄၃ ခုနှစ်တွင် မုတ္တမကို ရ၍ နောက် မကြာမီ အောက်မြန်မာတစ်နိုင်လုံးကိုရသည်။
မဂဒူး၏ သတင်းကို သောက္ကတဲမင်းကြီး ကြားသိလေလျှင် ဝမ်းမြောက်တော်မူက သား မက်တော်အပေါ်၌ အမျက်တော်ပြေပြီးသော် မင်း မြေက်တန်ဆာငါးပါး ပို့ပေး သည်။ မိုးပေါ်ကျမင်းဟု အဓိပ္ပာယ်ရသော ဝါရီရူဟူသော ဘွဲ့ကိုလည်းခံစေသည်။ ၆၄၉ ခုနှစ် တွင် အလောင်းစည်သူမင်း တည်ခဲ့သည့် မုတ္တမမြို့ဟောင်း တောင်ဘက်တွင်သုတု
သင် ရှင်းလင်းပြီးနောက် ထီးသစ်နန်းသစ်တည်၍ နန်းစိုက်သည်။ မင်းပြု၍ သုံးနှစ် တိုင် လျှင် ပြည်သူတို့ နှလုံးချမ်းသာအောင် ဓမ္မသတ်တစ်စောင် စီရင်စေသည်။ ယခု တိုင် ယင်းဓမ္မသတ်ကို ဝါရီရူဓမ္မသတ် ဟုခေါ်တွင်သည်။
သက္ကရာဇ် ၆၅၆ ခုနှစ်တွင် သောက္ကတဲမြို့မှ ဆင်ဖြူတော် ရောက်လာလေည်။ ဆင်ဖြူ
တော်ရောက်၍ မကြာမီပင်မြို့ကြီး ကျည်းကုလားဇဝါ၊ ဇဝိန်တရောတို့က ဗိုလ်ပါ ဆင် မင်းအများတို့နှင့် မုတ္တမမြို့ကို ဝန်းရံလာသည်။ အချို့ရာဇဝင်တို့၌ကားတစ်ပြည်
ထောင် ငေါဒေါမင်းတို့စစ်ချီလာသည်ဟုဆို၏။ အချို့မူ မြင်စိုင်းရှမ်းမင်းညီနောင်တို့ စစ်ချီ လာသည်ဟုဆိုသည်။ ယင်းသို့ စစ်ချီလာသည်ကို ဆင်ဖြူတော်၏ အိပ်မက်ပေး ချက်အရ ပိဋကတ်သုံးပုံ ဂန္ထဓူရ၊ ဝိပဿနာဓူရ ကျင့်ဆောင်သော ရဟန်းတို့အား မဏ္ဍပ်၌ ပင့်ဖိတ်၍ အမွှေးရေ၊ ပန်းမန်ထည့်ထားသည့် ရွှေအင်ကို ရဟန်းတို့ရှေ့၌ချကာ ပရိတ် ရွတ်လေသည်။
ဆင်ဖြူတော်ကို မြို့တောင်ဘက်ရှိ တောင်ထိပ်၌ထား၍ ရွှေအင်ထဲမှ ပရိတ်ရေကို စစ်
လေးမျက်နှာသို့ရတနာဆင်ဖြူအား ပက်ဖျန်းခိုင်းရာ ရန်သူအများ ကိုးကွယ်ရာ မရပြို ပျက်ရလေသည်။ ဤသို့စစ်သည်ဗိုလ်ပါ အမြောက်အမြား ပျက်စီးကြောင်းကို မြင် လျှင် ငါ၏အသက်ရှည်လေသမျှကို သူ့မြို့သူ့ကျေးကိုလည်း အလိုမရှိ၊ ငါ့မြို့ငါ့ပြည် ကို လည်း သူတို့အလိုမရှိပါစေနှင့်ဟူ၍ ရတနာသုံးပါး ပိဋကတ်သုံးပုံ သာသနာတော်
စောင့် နတ်တို့အား တိုင်တည်၍ မင်းပြုလေသည်။
ပဲခူးတွင် မင်းပြုနေသော တရဖျားအမည်ခံ ပဲခူးစားငပမွန်နှင့် ဝါရီရူမင်းသည် အချင်းချင်း သမီးပေး၍ မဟာမိတ်ပြုကြလေသည်။ ပုဂံ နာရသီဟပတေ့မင်း လက်ထက် ရာဇ သင်္ကြန်တို့ ပဲခူး ဟံသာဝတီကို တိုက်လာသည်နှင့် တရဖျားနှင့် ဝါရီရူတို့ပေါင်း၍ တိုက်ရာ ရာဇသင်္ကြန်တို့ဆုတ်ခွာရသည်။ နောက်ဆက်၍ တိုက်ခိုက်ရာ မွန်တစ်
ပြည်လုံးကိုရသည်။ တရဖျားက မသင့်မတင့်ကြံသည်ကို တရဖျား၏ မိဖုရား ဝါရီရူ ၏သမီးတော် လျှောက်ထားသဖြင့်သိရာ တရဖျားအားကွပ်မျက်လျက် ပဲခူးတွင် မြို့စား ခန့်၍ မုတ္တမမှနေပြီးလျှင် ရာမညတိုင်းတစ်တိုင်းလုံးကို ဝါရီရူမင်း အုပ်ချုပ်ရလေသည်။
တရဖျားနှင့် သမီးတော်တို့မှမြင်သော ရှင်ကြီးနှင့် ရှင်ငယ်ခေါ် သားနှစ်ယောက်ကိုမူ ကွမ်းကိုင် ရေကိုင် အပါးတွင်စေပါး၍ စွဲမြဲနေစေသည်။ ထိုမြေးတော်နှစ်ပါးကပင် လုပ် ကြံ၍ ဝါရီရူမင်း နတ်ရွာစံလေသည်။ လုပ်ကြံသူနှစ်ယောက်ကိုလည်းဖမ်း၍ ဝါရီရူမင်း အလောင်းတော်သင်္ဂြိုဟ်ရာတွင် ခြေရင်း၌ထား၍ ဖျောက်ဖျက်သင်္ဂြိုလ်လိုက်သည်။
သင်္ဂြိုလ်သည့်နေရာတွင် 'နောက်မဖြစ်စေလိုသော စိတ်ရှိက ကြိမ်နွယ်ပင် တို့ကို သတ်လျှင် အမြစ် အခေါင်းကို မထားရာသကဲ့သို့ အဖကိုသတ်လျှင် သားကိုလည်း မထားရာ'ဟူ၍ ရေးသားမော်ကွန်းထူထားဖူးသောဟူ၏။ ဝါရီရူမင်းမှစ၍ မုတ္တမမင်း ရှစ်ဆက်ရှိလေသည်။
ကိုးကား။ ၊ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
(မှတ်ချက်။ ။ ဓာတ်ပုံများကို Google မှ ယူပါသည်)
No comments:
Post a Comment