/* Flying Css3 menu www.bloggertrix.com*/ ul.imglist { margin: 0; padding: 0; } ul.imglist li { margin: 0; list-style-image:url('https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHzVSaB-9Rmt4JKj1Ht4RFnTBSw6P3M_pJZHmHMAh_pPcRtjn_WUs8ou7hI2VfoaOrSkyBJ3ILLLKKUKqBm9PhFKOmYUHYWgJ2Q4Gwyv7c3BmkXfYbCYsx-iIMk4eni0atxd9CTjPT30iQ/s1600/circle-bullet-point-image.png'); } /* Flying Css3 menu www.bloggertrix.com*/ /* Flying Css3 menu www.bloggertrix.com*/ မြန်မာတို့သိသင့်တဲ့သမိုင်းထဲကဗမာများ: သေနည်းသင်တန်းတက်ထားပါ။

Sunday, March 29, 2015

သေနည်းသင်တန်းတက်ထားပါ။


======================= ဘ၀သံသရာ မျောပါနေကြတဲ့ သူသူငါငါ
သတ္တ၀ါတွေအတွက် သေနည်းကိုပြောမယ်။ သေနည်းသင်တန်း တက်ထားဖို့ လိုတယ်။ ဒါ အရေးကြီးဆုံးပဲ။ လူတိုင်းတစ်နေ့မှာ မုချ သေရမှာ မလွဲဘူး။ ကြောက်ဖို့ မလိုဘူး။ ကြောက်လို့လဲ မရဘူး။ ကြိုတင်ပြင်ဆင်ထားရအောင် သေနည်းသုံးမျိုး ပြောမယ်။ (၁)' ငါတော့ ဒီတောင်က မကျော်တော့ဘူးလို့ ' ကိုယ့်ဟာကိုယ် သိလာပြီဆိုလျှင် အနားမှာ ဘယ်သူမှ မလာစေနှင့်။ မိမိတစ်သက်တာအတွင်း ပြုလုပ်ဖူးတဲ့ အလှူတွေကို စဉ်းစားကြည့်။ ဒါနကို လူတိုင်း လုပ်ဖူးကြတာချည်းပဲ။ တန်ဖိုး နည်းတာများတာ လိုရင်း မဟုတ်ဘူး။ ဒုဋ္ဌဂါမဏိ မင်းကြီးလို မိမိစိတ် အကြည်လင်ဆုံး ၊ အကျေနပ်ဆုံး အလှူတစ်ခုကိုပဲ ဆင်ခြင်နေ။ (၂)ဒါမှမဟုတ်၊ ကိုယ်ရှု့မှတ်နေကျ ဘာဝနာ တစ်ခုခုကို နှလုံးသွင်းနေ။ ဒါမှ မဟုတ်လဲ (၃)ရောဂါကပြင်းထန်လို့၊ ဆေးတွေလွန်နေလို့ သတိမရတစ်ချက် ရတစ်ချက် ၊ ကယောင်ကတမ်း ဖြစ်တယ်ပဲထား သတိရလာတာနဲ့ ' ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ ရွတ်နေ။ ဒါ လူတိုင်း ရပြီးသား။ ဒီ ၃-နည်း ၊ တစ်နည်းနည်းနှင့် သေရင် အနည်းဆုံး နတ်ပြည်ရောက်မှာ သေချာပါတယ်။ ကျေးဇူးရှင် နယ်ခြားတောင်တန်းသာသနာပြု အရှင်ဦးဥတ္တမသာရ ဆရာတော်ဘုရားကြီး

No comments:

Post a Comment